Friday, August 16, 2013

ခေါင်းဆောင်ကောင်း ဟူသည်



အခါတပါး ဘုရားရှင်ကိုယ်တော်မြတ်သည် ၀ဇ္ဇီတိုင်း ဥက္ကစေလမြို့၊ ဂင်္ဂါမြစ်ကမ်းတွင် သီးတင်းသုံးတော်မူ၍ နောက်ပါရဟန်းတော်တို့အား ဂင်္ဂါမြစ်ကြီးကို ဥပမားထားကာ တရားတော်ကို ဟောကြားတောမူပါတယ်။

ချစ်သားရဟန်း .. ဒီဂင်္ဂါမြစ်ကမ်းမှာ ရှေ့ကဖြစ်ဖူးခဲ့သည်မှာ မိုးအကုန် ဆောင်းအကူး တန်ဆောင်းမုန်းလမှာ မာဂဓတိုင်းသား နွားကျောင်းသားတစ်ယောက်သည် သူ၏နွားအုပ်ကို ဂင်္ဂါမြစ်တစ်ဖက်ကမ်း၌တည်ရှိသော
ဝိဒေဟတိုင်းသို့ ပို့ဆောင်ရန် မြစ်ကိုဖြတ်ကူးဖို့အားထုတ်လေ၏။

ထိုနွားကျောင်းသားသည် မြစ်၏ ဟိုဘက်ကမ်း ဒီဘက်ကမ်းတည်နေပုံအနေအထားကို၎င်း၊ လူတို့ဖြတ်ကူးနေကျ အန္တရာယ်နည်းပါးသော ဆိမ်းကမ်းဟုတ်သည် မဟုတ်သည်ကို၎င်း၊ မြစ်၏ ရေစီးရေ လာနှင့်၊ လှိုင်းဘေး ၀ဲဂယက်ဘေးစသည်တို့ကို ပညာဉာဏ်ဖြင့် စူးစမ်းဆင်ခြင်ဝေဘန်သုံးသတ်ခြင်း မရှိပါပဲ တဘက်ကမ်းသို့ ရောက်လိုသော ဆန္ဒတခုထဲဖြင့်ကူးလေ၏။ ထို့ကြောင့် မာဂဓတိုင်းသားနွားကျောင်းသားနှင့် သူ၏ နောက်လိုက်နွားအုပ်သည် တစ်ဘက်ကမ်းသို့ မရောက်နိုင်တော့ပဲ မြစ်ထဲတွင် နစ်မြုပ်ကာ သေဆုံး ကြရလေ၏။ထိုနွားအုပ်ထဲတွင် နွားကြီး၊နွားလတ်၊နွားငယ်နှင့် နွားထီး နွားမ မျိုးစုံပါဝင်လေ၏။

တခြားသော နွားကျောင်းသားတစ်ယောက်သည်လည်း တန်ဆောင်မုန်းလ ဆောင်ဦးအခါ သမယမှာ ၊မာဂဓတိုင်းမှ အင်္ဂါမြစ်တစ်ဖက်ကမ်းတွင်ရှိသော ၀ိဟေဒတိုင်းသို့ မိမိ၏နွားတို့ကို ပို့ဆောင်ရန် အားထုတ် လေ၏။ထိုနွားကျောင်းသားသည် ဉာဏ်ပညာ စူးစမ်းဆင်ခြင်မူနှင့် ပြည့်စုံသူဖြစ်၏။ထိုနွားကျောင်းသားသည် မြစ်၏ ဟိုဘက်ကမ်း ဒီဘက်ကမ်းတည်နေပုံအနေအထားကို၎င်း၊ လူတို့ဖြတ်ကူးနေကျ အန္တရာယ်နည်းပါးသော ဆိမ်းကမ်းဟုတ်သည် မဟုတ်သည်ကို၎င်း၊ မြစ်၏ ရေစီးရေလာနှင့်၊ လှိုင်းဘေး ၀ဲဂယက်ဘေးစသည်တို့ကို ပညာဉာဏ်ဖြင့် စူးစမ်းဆင်ခြင်၍ အန္တရာယ်မကျရောက်နိုင်သော နေရာ၊အချိန်ကာလကို ကောင်စွာသိမြင်၏။

ထို့ကြောင့် ထိုနွားကျောင်းသားနှင့် နွားအုပ်သည် တစ်ဖက်ကမ်းသို့ အန္တရာယ်ကင်း ချောမောစွာ ပျက်စီးဆုံးရှုံးခြင်း တစ်စုံတစ်ရာမရှိပါပဲ ရောက်ရှိသွားကြလေ၏။ထိုနွားအုပ်ထဲတွင်လည်း နွားကြီး၊နွား လတ်၊နွားငယ်နှင့် နွားမ နွာထီးမျိုးစုံပါဝင်လေ၏။

``ဤဥပမာအတိုင်းပင် လောက၌ အချို့သော ခေါင်းဆောင်တို့သည် စူးစမ်းဆင်ခြင်မှု ဉာဏ်ပညာ မရှိကြကုန်၊ မျက်မှောက်လောက တမလွန်လောကကိုလည်းမသိ၊ ကိလေသာအာရုံ ကာမဂုဏ်တို့၏ လှည့်ပ တ်ဖြားယောင်းတတ်မှုနှင့် ဘေးအန္တရာယ်များပုံကိုလည်းမသိ၊ ထိုကိလေသာလမ်းမှားမှ လွတ်မြောက်ရာ လမ်းကိုလည်းမသိကြကုန်။

ယင်းသို့သော ပုဂ္ဂုလ်မျိုးကို ခေါင်းဆောင်တင်ပါက ထိုသူပြုလုပ်သည့် လမ်းမှားအတိုင်းကျင့်သုံ ခြင်း၊ ထိုခေါင်းခေါင်၏ မကောင်းမှုကြောင့် ထိုသူ၏ နောက်ပါ ပရိသတ်မှာ ပထမနွားအုပ်ကဲ့သို့ ပျက်စီးကြရကုန်။

ထိုဥပမာကဲ့သို့ မည်သည့်နယ်ပယ်မှ ခေါင်းဆောင်များဖြစ်ဖြစ် အရာတခုကိုပြုလုပ်တော့မည်ဆိုပါက မိမိ၏ မကောင့်မှုကြောင့် မိမိ၏ နောက်လိုက်ပြည်သူ၊ပြည်သားတွေပါ ထိခိုက်နိုင်၍ တခုခုကို ပြုလုပ်လိုက်လျှင် ရရှိလာနိုင်သော အကျိုး အပြစ်တို့ကို ပညာဉာဏ်ဖြင့် အရာရာကို စဉ်းစားဆင်ဆင်သုံးသတ်ပြီးမှသာ လုပ် ဆောင်သင့်၏။

ပညာမဲ့သောနွားကျောင်းသားသည် တဖက်ကမ်းပေါ်ရောက်ရန်အတွက်သာ ကြည်၍ မိမိ၏နွားများအား ရေနစ်၍ ဘေးဒုက္ခရောက်မည်ကို မကြည့်သကဲ့သို့၊ နိုင်ငံခေါင်းဆောင်တာဝန်ရှိသူအားလုံးတို့ကလည်း မိမိတို့ အာဏာရရှိရေး၊အာဏာတည်မြဲရေး၊ ထင်ပေါ်ကျော်ကြားရေးမျှလောက်ကို မကြည့်ရှုပါပဲ၊ မိမိတို့၏ အသိတရား ဖြင့် အရှည်မြင်ရေရှည်တွေး၍ မိမိတို့၏ နိုင်ငံတော်၊ လူမျိုး၊ဘာသာ၊သာသနာတော်၏ အကျိုးစီးပွားကို တိုးတက် စည်ပင်ပြန့်ပွားအောင် ဆောင်ရွက်သင့်လှပါပေသည်။

(မိမိအကျိုး၊ သူတပါး၏အကျိုး သည်ပိုးနိုင်သူများဖြစ်ကြပါစေ)

ဓမ္မ၀ီရ အရှင်တေဇနိယ

(သီရိလင်္ကာ၊ ကိုလံဘို)

Network ကနေ အခြား စက်ဟန်းအောင်လုပ်နည်း



အခုပြောပေးတဲ့ နည်းပညာကတော့ နည်းပညာတစ်ခုပဲ မှတ်ယူလေ့လာပါ ပေါက်ပေါက်ရှာရှာတော့ သူများသွားမလုပ်ပါနဲ့ ကိုယ်ချင်းစာပါ လို့ပဲပြောချင်ပါတယ်
 ကဲ စလိုက်ရအောင်
ပထမဆုံး
Window + R နဲ့ Run ကို အရင်ခေါ်လိုက်ပါ နောက် cmd လို့ ရိုက်လိုက်ရင် command box ကျလာလိမ့်မယ် အဲဒီမှာ ping xxx.xxx.xxx.xxx -t -l 65500 လို့ရိုက်ထည့်လိုက်ပါ xxx ဆိုတာကတော့ဥပမာ ပေးထားတာ ကိုယ်ပြုလုပ်ချင်တဲ့ စက်ရဲ့ IP Address ကို အဲနေရာမှာ ထည့်ရပါမယ် အဲဒီလိုping ကြည့်ပြီးရင်ဟိုဖက်က Window Firewall ခံမထားဘူးဆိုရင် Replay ပြန်လာလိမ့်မယ် ဒီcommand box ကို မပိတ်ဘဲနဲ့ ဖွင့်ထားလိုက်ပါ ၁၀မိနစ်ခန့်လောက်ကြာရင်မိမိ ပြုလုပ်ထားတဲ့ တခြား စက် က ဟန်းရင်ဟန်း မဟန်းရင် ဘာမှ လုပ်လို့မရတော့လောက်အောင် လေးလံသွားတာ တွေ့ရလိမ့်မယ် ကိုယ့်စက်နှစ်လုံးနဲ့ စမ်းနော် စမ်းချင် သူများတော့ သွားမစမ်းနဲ့